ကျွန်တော့အနေနဲ့ ဒီဘလော့တစ်ခုကို ဘာ့ကြောင့်ရေးသားခဲ့ရသလဲ။ အကြောင်းပြချက်ရှိပါတယ်။ ဘာစာအုပ်တွေပါမလဲ။ ဘယ်လိုစာအုပ်မျိုးတွေကို တင်မလဲ။ စာဖတ်သူပရိတ်သတ်တွေ စိတ်ဝင်စား ကြမယ်လို့ ထင်ပါတယ်။ တကယ်တော့ စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း စာအုပ်စာပေကြောင့် လူတွေဟာ ဘဝကို စိန်ခေါ်ရဲရင့် လာခဲ့ကြရတယ်။ အားအင်တွေ ရှိလာခဲ့ကြရတယ်။ ဘဝပညာတွေကို နားလည်ဖြေ ရှင်းနိုင်လာခဲ့ကြရတယ်။ ဒါတွေဟာ စာအုပ်စာပေရဲ့ အကျိုးကျေးဇူးတွေကြောင့်ပါပဲ။
တစ်ချို့က စာအုပ်စာပေကြောင့် လူရည်ချွန်တွေဖြစ်လာခဲ့ကြပြီး အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ခဲ့ ကြတယ်။ တစ်ချို့က လိမ်မာရေးခြား ရှိလာကြတယ်။ တစ်ချို့က စာရိတ္တပိုင်းတွေ တိုးတက်လာခဲ့ကြတယ်။ တစ်ချို့ကတော့ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ပညာရှင်ကြီးတွေ ဖြစ်သွားခဲ့ကြတယ်။
စာအုပ်စာပေဟာ လူတွေအတွက် အများကြီး အကျိုးကျေးဇူးတွေ ပေးစွမ်းခဲ့တယ်။ တန်ဖိုးရှိတဲ့ စာအုပ် စာပေတွေကို လေ့လာဖတ်မှတ်ရင် တန်ဖိုးရှိတဲ့ဘဝတွေကို ပေးစွမ်းတတ်ပြီး၊ အမှားကိုညွှန်တဲ့ စာအုပ် စာပေတွေကို ဖတ်မှတ်လေ့လာမိရင်တော့ အချိန်နဲ့ဘဝကို တန်ဖိုးမဲ့စေနိုင်မှာအမှန်ပါပဲ။
ကျွန်တော်ကတော့ တန်ဖိုးရှိစေနိုင်မယ့် အထွေထွေဗဟုသုတစာအုပ်စာတမ်းတွေကို တင်ပေးမှာပါ။ အဲဒီထဲမှာ ပညာရေးဆိုင်ရာစာအုပ်စာတမ်းတွေ၊ နည်ပညာပိုင်းဆိုင်ရာစာအုပ်စာတမ်းတွေ၊ ဘာသာရေး၊ နိုင်ငံရေးစတဲ့ အကျိုးရှိစေနိုင်မယ့်၊ သုတဥာဏ်ရည်ကို တိုးတက်အထောက်အကူဖြစ်စေမယ့် စာအုပ်စာတမ်းတွေ ပါဝင်လိမ့်မယ်လို့ ပဏာမ သတင်းပါးချင်ပါတယ်။ ကျွန်တော့အနေနဲ့ တန်ဖိုးရှိတဲ့ စာအုပ်စာတမ်းတွေကိုတင်ဖို့ ရည်ရွယ်ပြီး အခုလို ကိုယ်ပိုင်ဘလော့ကလေးတစ်ခုကို ရေးသားရခြင်းဖြစ်ကြောင်း စာဖတ်သူ ပရိတ်သတ်အပေါင်းကို အသိပေးနိဒါန်းနဲ့ ထပ်ဆင့်အသိပေးပါရစေ..........။







Time in Rangoon 
0 comments:
Post a Comment